ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပေးနှိုးဆော်

ကျိုက်ဒုံ ဩဂုတ် ၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏နေအိမ်ပြတင်း ပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန်စသည့် အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)