မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်

မိုးနဲ ဩဂုတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကိုကျေးလက်နေပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်ကာ သင်တန်းနည်းပြများက တစ်လကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)