ကော့သောင်း သြဂုတ် ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူဆိုင်ရာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့်အခွင့်အလှမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုသုတဖြစ်ဖွယ် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)