လိပ်သို သြဂုတ် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး နံရံကပ်စာစောင်ကို စာကြည့်တိုက်သို့လာရောက်သော ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ပြသထားသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ပါသည်၊ ခြင်မရှိက သွေးလွန်တုပ်ကွေးရောဂါမကူးစက်နိုင်ပါ၊ ခြင်လောက်လန်းမပေါက်ပွားအောင် ရေစည်၊ ရေအိုးတွေကို ခြင်မဝင်နိုင်အောင်ဖုံးထားမယ်၊ ရေစည်၊ ရေအိုးတွေရဲ့အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီးသွန်မယ်၊ ဘုရားပန်းအိုး၊ အလှပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေလဲမယ်၊ ရေရှားတဲ့ဒေသတွေမှာ ပိုးလောက်လန်းတွေကို ရေစစ်နဲ့စစ်ထုတ်မယ်၊ ခြင်ဥများသည် ခြောက်သွေ့သောနေရာတွင်ပင် (၈)လခန့်အထိ အသက်ရှင်နေနိုင်သည့်အတွက် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများ၏ အတွင်းပိုင်းကို သေချာစွာတိုက်ချွတ်ဆေးကြောပါ စသည့် အသိပညာပေးအကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
(လိပ်သို၊ပြန်/ဆက်)