ပင်းတယမြို့၌ ကယားပြည်နယ်မှ နေရပ်စွန့်ခွာသူ (၁၃၇)ဦးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ပင်းတယ သြဂုတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဇောတိကာရုံ ကျောင်းတိုက်၌ ကယားပြည်နယ်မှ နေရပ်စွန့်ခွာလာသူပြည်သူ (၁၃၇) ဦးအား၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကူညီထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လာရောက်လှူဒါန်းသည့် စားနပ်ရိက္ခာမြားအား ယမန်နေ့က နေ့လည်က ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ စားနပ်ရိက္ခာ ကူညီထောက်ပံပေးအပ်မှုတွင်ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ ကူညီထောက်ပံ့မှုဖြင့်၊  မြန်မာ့ကြက်ခြေနီ အသင်း (ဘေးဒုက္ခဆိုင်ရာစီမံခန့်ခွဲ ရေးဌာန)မှတာဝန်ရှိသူများက လာရောက်ပို့ဆောင် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။ ပင်းတယမြို့၊ ဇောတိကာရုံကျောင်းတိုက်ရှိ၊ ကယား ပြည်နယ်မှ နေရပ်စွန့်ခွာလာရောက်ခိုလှုံ နေထိုင်သူ အိမ်ထောင်စု(၃၄)စု၊ ကျား (၆၇) ဦး၊ မ (၇၀) ဦး၊ စုစုပေါင်း လူဦးရေ(၁၃၇) ဦး အတွက် တစ်လစာထောက်ပံ့ပေးသည့်ဆန်၊ ဆီ၊ ဆေး၊ဆား အပြင် အာဟာရဖြည့်စွက်စာ စားနပ်ရိက္ခာပစ္စည်းများကို၊ မြန်မာ့ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပင်းတယမြို့နယ် ကြက်ခြေနီ အသင်းထံမှတဆင့် နေရပ်စွန့်ခွာပြည်သူများအားကူညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးလတ်