လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ်BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

လိပ်သို သြဂုတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်နှင့်ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါပိုးများကိုတွေ့ရှိနေပြီဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်လျက်ရှိနေပြီဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရန် ပြည်သူများအနေဖြင့် နှာခေါင်း စည်း (Mask) များကို စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိ၌သံသယလက္ခဏာရှိသည်ဟု ယူဆရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးအချက်များကို လိုက်နာကြရန် စသည့် အသိပညာပေးနှိုးဆော်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)