ဥတ္တရသီရိမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ သြဂုတ် ၁

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူပိုမိုသိရှိ နားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း)၌ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဦးစီးဌာန (၃) ခုမှ တာဝန်ရှိသူများက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်"၊ "မူးယစ်အန္တရာယ် လူ့ရန်စွယ်”၊ "လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့"၊ "မိုင်းအန္တရာယ်အသိ ပညာပေးခြင်း" စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)