ပုဗ္ဗသီရိ ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လောင်းကစားဥပဒေဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း နှင့် နေပြည်တော် အထက်တန်းရှေ့နေ ဒေါ်ခင်သန္တာမျိုးတို့က လောင်းကစားကိရိယာများအကြောင်း၊ ဥပဒေအရ သတ်မှတ်ထားသော လောင်းကစားများအကြောင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် လောင်းကစားပြုလုပ်ပါ အရေးယူခံရနိုင်သည့် ဥပဒေများအကြောင်း၊ ၂ လုံးထီ ၃လုံးထီနှင့်ပတ်သက်သည့် ပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လောင်းကစားဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို စုံလင်စွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
"ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း" မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မျိုးသီဟ (ပြန်/ဆက်)