သာစည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာမြေကိစ္စရပ်များ၊ စိုက်ပျိုးရေနှင့်သောက်သုံးရေလုံလောက်စွာရရှိရေး၊ မြို့သန့်ရှင်း သာယာလှပရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များစသည်ဖြင့် လမ်းညွှန်မှုများအားချပြရှင်းလင်း သည်။ ထို့နောက် တက်ရောက် လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းညွှန်ချက်များ ချပြရှင်းလင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)