တန့်ယန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် ညှိနှိုင်းဆွေးနွေး

တန့်ယန်း  သြဂုတ်  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကာ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားရောက်ပါဝင်ယှဉ် ပြိုင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)