မိုင်းငေါ့ ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ် ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျောက်စိမ်း ခန်းမတွင် မိုင်းငေါ့မြို့ပေါ် ကျေးရွာရှိ အ.ထ.က ကျောင်း အ.လ.က ခွဲ (၁)ကျောင်း နှင့် အ.မ.က ကျောင်း (၇)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၉)ကျောင်းမှ ပထမအကြိမ် ထိုးနှံသူ (၃၈)ဦး ၊ ဒုတိယအကြိမ် ထိုးနှံသူ (၄၂၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၆၅)ဦး ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့်အချက်အလက်စာရင်းများအား ဖြည့်သွင်းပြုစုမှတ်တမ်း တင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီ၀က်စောင့် ဆိုင်းစေခြင်းများကို စနစ်တကျဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ အမှတ်(၁၀၁)ခြေမြန်တပ်မဌာန ချုပ်အမှတ် (၁၀၁၃) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးစိုင်းအောင်နှင့်အဖွဲ့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦး နှင့်အဖွဲများ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်နှင့် ဆရာ/ ဆရာမများ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်ဆက်)