ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကင်း သြဂုတ် ၁

ရန်ကင်းမြို့နယ်တွင် ၁-၈-၂၀၂၂ ရက်နေ့ ၉ အချိန်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်း ဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် Sinopharm/ Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး(၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(covid shield/Myancopharm)နှင့် ပထမအကြိမ် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက် ၁၅-၁၈ ​ကျောင်း​ပြင်ပ ကလေးများအား (Sinovac) ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများအား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီဝင်များက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း ကာကွယ်​ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူ၊ အကြိမ်ပြည့်ထိုးနှံရန် ကျန်ရှိနေသူများနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်လည်း ကော်မတီက အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)