တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များ e-ID ရေးသွင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်

တံတားဦး ဩဂုတ် ၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) အချက်အလက်များကို ကျွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက အိမ်ထောင်စူလူဦးရေစာရင်း ပုံးစံ-၆၆/၆)အချက်အလက်များကို ကျွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများတွင် လက်ရှိမြေပြင်စာရင်း အမှန်ရရှိရေးအတွက် သက်ဆို်ငရာရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သတ်မှတ်ချိန်ကာလအတွင်း မှတ်ကန်တိကျစွာ အချိန်မီပြီးစီးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်သည်။

တံတားဦးမြိုနယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံးစံ-၆၆/၆)အချက်အလက်များကို ကျွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးမြို့နယ်ရုံးတို့တွင် ဌာနဆိုင်ရာများမှ ကျွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးမြို့နယ်ရုံးမှ သိရသည်။

ရဲတင့်