ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဝမ်းတွင်း ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုလို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အရောက်ထိုးနှံပေးခြင်း၊ သက်မှတ်ထားသောစုရပ်များ၌ ထိုးနှံပေးရာတွင် အသက်(၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ခရီးသွား ပြည်သူများအားကိုဗစ်- ၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့်၊ Sinopharm First Dose Phase13(၆၅)ဦး၊ Myancopharm First Dose Phase.3 အဖြစ်(၅၀)ဦး၊ Sinopharm Second Dose Phase.11 အဖြစ်(၁၀၆၅)ဦး၊ Myancopharm Second Dose Phase.11 အဖြစ်(၇၀)ဦး၊ စုစုပေါင်းပြည်သူ (၁၂၅၀)ဦးအားကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)