ထားဝယ်ခရိုင်အဆင့် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ထားဝယ် ဇူလိုင် ၃၁

ထားဝယ်ခရိုင် အဆင့် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွှေအနှစ် မတိမ်ကော မပပျောက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ကျင်းပလျက်ရှိကြောင်း၊  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှတစ်ဆင့် တိုင်းအဆင့်တွင် ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ၄င်းမှတစ်ဆင့် နိုင်ငံတော်အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ကြိုတင်​​ပြင်ဆင်ဆောင်ရွက်ရမည့်အစီအမံများ၊ ပြိုင်ပွဲစည်းကမ်းချက်များ၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရသည်။

ရွှေပင်လယ်(ထားဝယ်)