ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး

ဘုရားသုံးဆူ၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့တွင်းအချက်အချာကျသော နေရာများတွင် ဌာနဆိုင်ရာများ စုပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆောင်ရွက်မှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး ဦးဆောင်၍ ဌာနာဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်း၊ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ စုပေါင်း၍ မြို့အချက်အချာနေရာများတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါစစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)