ဗိုလ်တထောင် ဇူလိုင် ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးထက်မြက် မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီတွင် အ.မ.က(၃)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ.မ.က (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် KG.Grade-1၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်း ပြိုင်ပွဲတွင် Grade-5 အတန်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိ၊ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ခံဆရာမများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့သည်၊၊ ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် မိမိကိုယ်ကို အားကိုးလိုစိတ်၊ အများရှေ့တွင် ပြောဆိုနိုင်စွမ်းရှိပြီး ဉာဏ်ရည်ထက်စေမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)