နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ဥတ္တရသီရိ  ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင်နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အုတ်လုပ်ငန်းရှင်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသောတောင်သူများ၊ စက်မှုလယ်ယာလုပ်ငန်းရှင်များ၊ ဆန်စက်နှင့်ဆီစက်လုပ်ငန်းရှင်များ တွေ့ကြုံရသည့်အခက်အခဲများ၊ လိုလားချက်များအတွက် တင်ပြချက်များအပေါ် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ အသေးစားအလတ်စားလုပ်ငန်းများအနေဖြင့် ကုန်ကြမ်းရရှိမှသာ လည်ပတ်နိုင်မည်ဖြစ်သဖြင့် ပြည်တွင်းမှ ကုန်ကြမ်းများရရှိနိုင်သည့် ထုတ်ကုန်မျာအား ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ လုပ်ငန်းများအနေဖြင့်လည်း ထိုက်သင့်သည့်ဝင်ငွေရရှိရေး၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့်အခွန် ဘဏ္ဍာငွေများအပြည့်အဝရရှိရေးတို့ကို အခြေပြုပြီး စိစစ်ကြပ်မတ်ခြင်းသာမက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးများကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)