နမ့်ဆန်မြို့တွင် ဆယ်ကျော်သက်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်

နမ့်ဆန် ဇူလိုင်၂၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင်ယနေ့နေ့လယ် (၂)နာရီအချိန်က ဆယ်ကျော်သက်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲအားကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ဆယ်ကျော်သက်အရွယ်ကလေးများ ဝိတ်လျော့တာနဲ့ပတ်သက်ပြီး စံပြကိုယ်အလေးချိန်နဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကိုလိုချင်ကြတယ်။ ဒါပေမဲ့ ဝိတ်လျော့နည်းတွေဟာအန္တရာယ်ကြီးတဲ့ ရလဒ်တွေ ဆီဦးတည်သွားတတ်တဲ့အတွက် နည်းမှန်လမ်းမှန်နဲ့ ဝိတ်လျော့ဖို့အတွက် ကောင်းမွန်သည့် အလေ့အကျင့်များကိုလုပ်တတ်ဖို့ အဝလွန်ခြင်းသည်လည်း ဆယ်ကျော်တက်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်သည့်အတွက် မိဘများအနေဖြင့် ကလေးများကိုနားလည်ပြီး ကူညီပေးစေလိုကြောင်း ပြီးပြည့်စုံသည့်ပုံစံမှာ လူတိုင်းတွင်မရှိနိုင်ပါကြောင်း ခေတ်စားနေသည့်အစားရှောင် အမြန်ဝိတ်ချနည်းများ၏ မကောင်းသည့် ရလဒ်များကို သိထားဖို့လိုကြောင်း အဓိကသည် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ကြောင်း ဆယ်ကျော်သက်အရွယ်ကလေးများမှ ဝိတ်လျော့ရာတွင် ကျန်းမာရေးနှင့်အညီ နေထိုင်သွားသင့်ကြောင်းနှင့်ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က မလျော်ကန်သည့် ဝိတ်လျော့နည်းများသည် အန္တရာယ်ကြီးသည့် ရလဒ်များဆီ ဦးတည်သွားတတ်သောကြောင့် ဝိတ်လျော့ရာတွင် နည်းစနစ်မှန်အလေ့အကျင့်များ ပြုလုပ်စေလိုကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)