ညောင်ဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကူရွာကျေးရွာအုပ်စု၊ ရှင်မိန်ကျေးရွာ ကတုံးရေအိုစင်ရပ်၌ နှစ်သက်တမ်း ၁၅၀ ကျော်ခန့်ရှိ မန်ကျည်းပင်ကြီးသည် မြေသားခိုင်မာမှုမရှိပဲ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြေသားအခြေ မှလဲကျခဲ့ကာ နားနေဇရပ်နှင့်ရေချမ်းစင် ပေါ်သို့လဲကျခဲ့ကြောင်းသိရသည်။
အဆိုပါ မန်ကျည်းပင်လဲကျသည့်နေရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦး ဆောင်သောမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊အ ထောက်အကူပြူယာဉ် (၁)စီး၊ အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ (၇)ဦး၊ ပုဂံဒေသလူမှုကူညီရေးအသင်း (Bagan Rescue)မှ (၃)ဦးတို့ဖြင့် လဲကျနေသည့်မန်ကျည်းပင်းကြီးအားရှင်း လင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထိုမန်ကျည်းပင်သည် နှစ်သက်တမ်း ၁၅၀ ကျော်ခန့်ရှိပြီး အမြင့် ၈၀ ပေ၊ ပင်စည်လုံးပတ် ၁၅ ပေ၊ရှိပြီး မန်ကျည်းပင်လဲကျမှုကြောင့် နားနေဇရပ်နှင့် သောက်ရေချမ်းစင်၊ တို့သာထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်တိရ စ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ကိုကြေးမုံ