တနိုင်း ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ Booster Dose ကာကွယ်ဆေးထိုးနှံမှုအကြောင်းနှင့် ပတ်သက်ပြီး အသိ ပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနဲ့ အညီ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးနှင့် တနိုင်းမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါပြုံးချိုတို့ ပူးပေါင်း၍ တနိုင်းမြို့နယ်အတွင်း ဇူလိုင်လဆန်းပိုင်းမှစ၍ Booster Dose ကာကွယ်ဆေးထိုးနှံမှု အားဖြည့်ဆောင်ရွက်နေမှု ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ တနိုင်းမြို့ဝင်ဂိတ်၊ တနိုင်းတံတားဂိတ်၊ နန်ဗျူ တံတားဂိတ်၊ တနိုင်းမြို့ပေါ် (၇) ရပ်ကွက်အလှည့်ကျ ထိုးနှံနေကြောင်း၊ ဟူးကောင်းခန်းမ၊ စက်လှေဂိတ်များ ကွင်းဆင်းထိုးနှံပေးကာ၊ ရှင်ဗွေယန်မြို့ပေါ် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု များတွင်လည်း နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း၊ ကချင် ပြည်နယ် နယ်လှည့်အခမဲ့ဆေး ကုသရေး အဖွဲ့မှလည်း အောင်လော့ဒ်ကျေးရွာ အပါအဝင် အနီးအနားရွာ များကိုလည်းလူဦးရေ (၁၀၀၀) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ တနိုင်းမြို့နယ်အတွင်း Booster Dose ကာကွယ်ဆေးထိုးနှံမည့် လျာထားဦးရေမှာ (၈၀၀၀)ကျော်ဖြစ်ပြီး ထိုးနှံရန်ကျန်ဦးရေ (၄၀၀)ကျော်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်း မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရ သည်။
မနောမြေ(တနိုင်း)