တနိုင်းမြို့နယ် Community Centreတွင် စာဖတ်ဝိုင်းပြုလုပ်

တနိုင်း ဇူလိုင် ၂၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဇူလိုင်လ (၂၉) ရက်နေ့ နံနက် (၁၀) နာရီက ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားထားသည့် "မေတ္တာအားသာချက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက  "မေတ္တာအားသာချက်" စာအုပ်မှ "မေတ္တာဖြင့် သင့်၏ နယ်ပယ်ကို ချဲ့ထွင်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဦးဖေအောင်က "မေတ္တာစက်ဝိုင်းအတွင်းသို့ ဘယ်လိုဝင်ရောက်မလဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဂျာအောင်လု ရုပ်သံကျွမ်းကျင်-၃ က" မေတ္တာအားသာချက်ရရှိ‌အောင်" ခေါင်းစဉ်ဖြင့်လည်းကောင်းစသည်ဖြင့် စာဖတ်ဝိုင်းကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)