မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ (၇/၂၀၂၂)လအတွက် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုးညှင်း ဇူလိုင် ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၇/၂၀၂၂)လ အတွက် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရုံးများ လုံခြုံမှုဂရုပြုကြရန်၊ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိုင်းအသိ မိုင်းသတိ အထူး ဂရုပြုကြရန်၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံ ပြည်သူများမှ ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍာများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွဲသူရအောင်(ပြန်/ဆက်)