မက်မန်းမြို့၌ SRI ပျိုးသက်နုစိုက်နည်းစနစ် စံပြစိုက်ကွက်တွင် DU 12 မျိုးစပါးစိုက်ပျိုး

မက်မန်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ SRI ပျိုးသက်နု စိုက်နည်းစနစ်စံပြစိုက်ကွက်တွင် DU 12 မျိုးစပါးကို ယမန်နေ့နံနက် ၁၀ နာရီက အေးကျန့်အုပ်စု၊ နမ့်နန်းချောင်းတံတားအနီး စိုက်ပျိုးကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ (၀.၃၀)ဧကရှိ SRI ပျိုးသက်နု စိုက်နည်းစနစ်စံပြစိုက်ကွက်တွင် DU 12 မျိုးစပါးစိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က သိရှိလိုသည်များကို လိုက်လံရှင်းလင်းပေးခဲ့သည်။

ထို့နောက် မက်မန်းခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များသည် (၂.၅၀)ဧကရှိ အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု၊ သစ်စိမ်းဓာတ်မြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းနှင့် (၀.၅၀)ဧကရှိ လက်ဖက်စိုက်ပျိုးထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)