သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၅၁၀)ဉီးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm 5 Dose ထိုးနှံပေးခဲ့

သိန္နီ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကူးစက်ရောဂါကင်းရှင်းသော လူ့ဘောင်အသိုက်အဝန်းတွင် ပျော်ရွှင်စွာနေထိုင်ကြီးပြင်းနိုင်ရေးတို့အတွက် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm 5 Dose ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံရာတွင် သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသားကျောင်းသူများဆေးထိုးနှံရာတွင် မကျန်ရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများပူးပေါင်း၍ သိန္နီမြို့နယ်အတွင်းရှိ အမက(၃)၊ အမက(ဟိုနောင်)၊ မူလွန်(နမ့်စလပ်)၊ မူလွန်(ပိန်းဆာ)ကျောင်းတို့တွင် ကျောင်းသား(၂၅၂)ဦး၊ ကျောင်းသူ(၂၅၈)ဦး၊ စုစုပေါင်း(၅၁၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး Sinopharm 5 Dose ထိုးနှံပေးခြင်းဖြစ်သည်။ ကျန်ရှိသည့်ကျောင်းများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)