လားရှိုး ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုးမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်(၁၁)နာရီအချိန်မှစတင်၍အသုံးချ Indoor Photography Workshop သင်တန်းဖွင့်လှစ်ပို့ချကြောင်း သိရှိရသည်။
အသုံးချ Indoor Photography Workshop သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များ အနေဖြင့် Indoor lighting technique များကို စနစ်တကျနားလည်စေရန်၊ Portrait retouching များကို detail ကျလေ့လာ နိုင်စေရန် ရည်ရွယ်၍ ဆရာဖြိုးမင်းဇော် (STUDIO PAPARAZI)မှ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဓါတ်ပုံလောကတွင် အသက်မွေးဝမ်းကျောင်းပြုမည့်သူများသည် ဝါသနာရှင်အဆင့်မှသည် ပညာရှင်အဆင့်အထိ လက်တွေ့အသုံးပြုနိုင်ကြမည်ဖြစ်ပြီး ဓါတ်ပုံသမားတိုင်း မသိမဖြစ်ကျွမ်းကျင်စွာ တတ်မြောက်ရန် အတွက်ရည်ရွယ်ကာ သင်တန်းသားသင်တန်းသူ(၁၀)ဦးဖြင့်ဇူလိုင် (၂၉)ရက်နေ့မှ ဇူလိုင်(၃၁)ရက်နေ့အထိ ပို့ချသင်ကြားသွားမည်ဖြစ်သည်။
ဟန်ဌေး(လားရှိုး)