ကျောက်ဆည် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါး (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ (၅၂၈၁၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
စပါးသီးနှံများစိုက်ပျိုးရာတွင် ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-အနောက်ငါးဆူ-ရှားပင် ကျေးရွာအုပ်စုများတွင်(၃၃၀)ဧက၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတောကြီး-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စုများတွင် (၃၅၀) ဧက၊ လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံကျေးရွာအုပ်စုများတွင်(၂၈၁)ဧက၊ ညောင်ရွေ-သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-အနောက်ရွာနန်း-လက်ပန်-ညောင်ဝန်း -ကြောင်ပန်းကုန်း ကျေးရွာ အုပ်စုများတွင် (၄၂၂)ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်း-ဖောင်ရွာ-ကြက်မင်းတွန်-ပတ္တာ-ပင်တလည်-သမန္တလင်း-မြင်းကဘက်-မုန့်ပေါင်းလက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၄၅၇) ဧက၊ အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဒါး-ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၅၀)ဧက၊ သင်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ-ရှမ်းတောင်ဦး-ပုထိုးနီ-ကုလား ကျောင်းကျေးရွာအုပ်စုများတွင်(၃၃၂)ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်-အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် (၆၆၂)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တော်တွင်-မြေစိုပါယ် ကျေးရွာအုပ်စုများတွင် (၁၅၁၈)ဧက၊ ဟံမြင့်မိုရ် -လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင် (၂၂၀၄) ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာ အုပ်စုများတွင်(၉၂၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်နှင့် ဆင်းသုခ စပါးမျိုးများကို အဓိကထား၍ တိုက်ရိုက်အစေ့ချနည်း၊ ပျိုးထောင်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးကြပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စပါးသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)