ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ဘဏ္ဍာရေးနှစ်ပတ်လည်အစည်းအဝေးကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၂၉

ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁/၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် အစားထိုးရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အသင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သဘာပတိဦးချစ်ခင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဝင်း‌အောင်က အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိကလုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခြင်း၊ ၂၀၂၀-၂၀၂၁/၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများအား ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာဖတ်ကြားခြင်း၊ ၂၀၂၀-၂၀၂၁/၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်သည်။

ထို့နောက် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ သမဝါယအသင်းများမှ အမှု ဆောင်များ၏ အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော သား/သမီးများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)