မဟာအောင်မြေမြို့နယ်တွင် သီပေါနှင့်ဗန်းမော်ထွက် နာနတ်သီးများ ယခင်နှစ်များထက် အဝင်များ

မဟာအောင်မြေ  ဇူလိုင် ၂၉

မန္တလေးမြို့တွင် သီပေါမြို့၊ ဗန်းမော်မြို့တို့မှ ထွက်ရှိသည့်နာနတ်သီးများ မန္တလေးမြို့နှင့်အခြားမြို့ကြီးများသို့ နေ့ချင်းရောက်တိုက်ရိုက်ဝယ်ယူရောင်းချရန်လွယ်ကူသည့်အတွက် နာနတ်သီးများယခင်ကထက် အဝင်များကာ နာနတ်သီး လှိုင်လှိုင်ပေါသကဲ့သို့ ဈေးနှုန်းလည်းချိုသာလျက်ရှိကြောင်း နာနတ်သီးရောင်းသူ ဈေးသည်တစ်ဦးထံမှသိရသည်။

"ကျွန်တော်တို့အ‌နေနဲ့ ရာသီပေါ်သစ်သီးများရောင်းလာတာ မိဘတွေလက်ထက်ကတည်းက သစ်သီးဝလံများရောင်းချပြီ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေနေရတာပါ။ အရင်လတွေက တစ်ရက်ကို (၂၀၀၀၀) နီးနီးလောက်ကျန်တယ်။ အခုဆို နာနတ်သီးစိုက်ပျိုးသူများအ‌နေဖြင့် အအေးပိုင်း‌နေတောင်သူများ စိုက်ပျိုး‌နေမှုများ‌ပြားနေခြင်း‌ကြောင့် နာနတ်သီးများလှိုင်လှိုင်ပေါခြင်း၊ အခြားသစ်သီးဝလံများစိုက်ပျိုးသူများပြားနေခြင်းတို့‌ကြောင့် နာနတ်သီးရောင်းအားဟာ တစ်ရက်ကို (၁၂၀၀၀)လောက်ပဲ ကျန်တယ်။ မိုးတွင်းရာသီလည်းဖြစ်တာကြောင့် နာနတ်များအရမ်းပေါများနေပြီး ဝါတွင်းကာလမှာ ဥပုသ်သီလ‌‌ ဆောက်တည်ကြမည့်သူများအတွက် ဘုန်းကြီး‌ကျောင်းတွင်လှူဒါန်းသည်ဖြစ်စေ၊ လက်ဆောင်ပေးဖို့ဖြစ်စေ ပေါပေါသီသီဝယ်ယူနိုင်တာပေါ့၊ ကျွန်တော်တို့က သစ်သီးပေါင်းစုံတင်ရောင်းချတာဆိုတော့ ဈေးဝယ်သူတွေအနေနဲ့ အဆင်‌ပြေပါတယ်။ သစ်သီးအမျိုးအစားတွေကတော့ နာနတ်သီး၊ ပြောင်ဖူး၊ ဖရဲသီး၊ နဂါးမောက်သီး၊ ကန်စွန်းဥ၊ တညင်းသီးစတဲ့သစ်သီး‌ပေါင်းစုံရောင်းချပါတယ်။ အသီးတွေပေါတော့ ဝယ်စားသူတွေလည်း အဆင်ပြေတယ်။ နာနတ်သီးဆို အရင်က တစ်လုံး (၇၀၀) ရောင်းရတယ်။ အခုဆို တစ်လုံးကို (၂၅၀) ပဲရောင်းတာပါ။ အခြားသစ်သီးတွေလည်း ဈေး‌ချိုချိုနဲ့ရောင်း‌ချနေပါတယ်" ဟု နာနတ်သီးရောင်းသူ ဦးမောင်ဆွေက ပြောပြ၍ သိရသည်။

စားသောက်ကုန်စိုက်ပျိုးသူများ၏ ရာသီအလိုက် သစ်သီးဝလံစိုက်ပျိုး‌ခြင်း၊ ယခုနှစ်အတွင်း နာနတ်သီးများလှိုင်လှိုင်ပေါခြင်း၊ နာနတ်သီးစိုက်တောင်သူများပြားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့‌ကြောင့် နာနတ်သီးများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း