သီပေါမြို့နယ်အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများဆောင်ရွက်

သီပေါ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့သည် မူကြိုကလေးများမှစ၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သွားတိုက်ခြင်းသရုပ်ပြသခြင်း၊ လက်ဆေးခြင်းသရုပ်ပြသခြင်းနှင့် သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့်ရောဂါများကို ကာကွယ်နိုင် ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့်သံချဆေးတိုက်ကျွေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်‌ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)