ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ဘုန်းတော်ကြီးကျောင်းစာသင်တိုက်များအား ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း

ကော့သောင်း  ဇူလိုင် ၂၉

မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းစာသင်တိုက်များအား ဆွမ်းကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိကအလှူတော်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆန်တော်လှူဒါန်းမှုအဖြစ် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင်  ကော့သောင်းမြို့နယ်အတွင်းရှိ သံဃာ့ဂိုဏ်းကြီးအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များအသီးသီးရှိ ရဟန်းသံဃာများ ဆွမ်းကွမ်းကိစ္စ အဆင်ပြေမှုဖြစ်စေရန်ရည်ရွယ်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများဖြစ်သည့် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊   ဗုဒ္ဓနုဿတိကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဇောတိကထံသို့ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)