စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှု၊ မြို့နယ်စည်ပင်မှ စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဆောင်ရွက်

ဒဂုံတောင် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများစွာရွာသွန်းမှုကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းမကြီးပေါ်ရှိ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှုများဖြစ်ပေါ်သဖြင့်  မြို့နယ်စည်ပင်မှ စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးရာ  ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်တို့က   လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်အပေးနိုင်ရန် ၂၅.၇.၂၀၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်းသိရသည်။

အဆိုပါ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ရေဝပ်ရေလျှံနေမှုအား တာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်းပေးမှုတို့ဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးက ဦးဆောင်လမ်းညွှန်ကာ လှော်ကားလမ်းတစ်လျှောက်နှင့် မဓမရိုးချောင်းထိပ်အထိ အလျား (၇၀၀၀)ပေ၊ အကျယ်(၆)ပေ၊ အနက်(၅)ပေ အား စက်ယန္တရားကြီးများဖြင့် တူးဖော် ဆောင်ရွက်ပေးရာ ယနေ့တွင် ကျောင်းဝင်းအတွင်း ရေဝပ်ရေလျှံမှုများ မရှိတော့ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံမှသိရသည်။

သန်းသန်းအေး(ဒဂုံတောင်)