နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ မြေပြိုဘေး အသိပညာပေး Talk Show ပြုလုပ်

နွားထိုးကြီး  ဇူလိုင် ၂၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြိုဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပြိုဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ မြေပြိုဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုနေစဉ် သတိပြုလိုက်နာရမည့် အချက်များ၊ မြေပြိုနေစဉ်မိုးရွာခြင်း၊ မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ မြေပြိုမည့်ရှေ့ပြေးလက္ခဏာများ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရမည့်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးအချိန်တွင် ပြုလုပ်ရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)