စားသုံးဆီများကို ဈေးနှုန်းသက်သာစွာ ကျေးရွာအရောက်ကွင်းဆင်းရောင်းချ

တပ်ကုန်း   ဇူလိုင်  ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်​ရေး ယနေ့နံနက် ၁၀ နာရီက ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာသို့ ကွင်းဆင်းရောင်းချပေးခဲ့သည်။

ထိုရောင်းချပေးမှုတွင်  တပ်ကုန်းမြို့မဈေး ဆီကုန်သည်အသင်းဝင် ကိုဇော်ဇော်လတ်၊ ကိုဇော်လတ်+မအိမွန် (ဝင်းသီရိ) ကုန်စုံဆီဆိုင်မှ စားသုံးဆီတစ်ပိဿာလျှင် (၃၉၀၀)ကျပ်နှုန်း၊ ၊လူတစ်ဦးလျှင်(၅၀)ကျပ်သားနှုန်းဖြင့် ဆီပိဿာ(၃၃၀)ပိဿာကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်