ငါ့သရောက်မြို့၌ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းသစ်ပင်စိုက်ပျိုး

ငါ့သရောက်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ အမှတ် (၂) ဈေးကုန်းရပ်ကွက် ဘိုချိုဘုရားအနီး မြနန္ဒာကန်ဘောင်ပတ်လည်တွင် အရိပ်ရသစ်ပင်၊ ပန်းပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ငါ့သရောက်မြို့ရဲစခန်းမှူး ရဲအုပ်အေးကျော်ဦးစီးသည့် စုပေါင်းအဖွဲ့သည် မြနန္ဒာကန်ပတ်လည် ဘောင်များတွင် အရိပ်ရသစ်ပင်၊ ပန်းပင်ပေါင်း ၇၀၀ ကျော်စိုက်ပျိုးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် မြို့ရဲစခန်းမှူး ရဲအုပ်အေးကျော်ဦးစီးသည့် ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်၊မြေစာရင်းဌာန ဝန်ထမ်းများအပြင် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)