မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု  ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၇.၂၉၇ သန်း ဖြင့် ပေါက်ချောင်းရပ် ကွက် ဘောလုံကွင်းလမ်းအား အရှည်  ၁၁၅၆ ပေ၊ အကျယ် ၁၈ ပေ၊  ထု ၆ လက်မရှိသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီးတင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ ဇူလိုင်လ ၂၇  ရက်နေ့မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းများအနက်လမ်း (၁၂)လမ်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတို့ဆောင်ရွက်ရာတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၃)လမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၆)လမ်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း (၃)လမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)