ကမမောင်း ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက်နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်းလှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများအလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများ လှည့်လည်နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦး တည်အုပ်စုများအလိုက် အကြိမ်အရေတွက် အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ဖြစ်ပွားမှုကိုလျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊လူစုလူဝေးနေရာများသို့ သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျမဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့်စနစ်တကျဆေးရန်၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများအားအထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှပူး ပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)