ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ကျိုင်းတုံ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။     

ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်ကလူငယ်/လူရွယ်များ ငယ်ရွယ်စဉ်အချိန်မှစ၍ လမ်းမှားသို့ မရောက်ရှိစေရေးအတွက် အားလပ်ချိန်များတွင် အားကစားကိုလုပ်ဆောင်စေလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပေါ်ပေါက်လာစေရေး စသည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်က ကျောင်းအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ခြင်းလုံး အစရှိသည့်အားကစားပစ္စည်းများအား ပံ့ပိုးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)