မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မိုင်းယောင်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အ.မ.က(မိုင်းခွန်) ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဝမ်ဇလီလော်ကျေးရွာရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားသည့် လေးထပ်ဝန်ထမ်းအိမ်ရာတွင် ရေတွင်းတူးဖော်နေမှု၊ ဝမ်မိုင်မိုင်းလုံး ကျေးရွာတွင် ဘိန်းအစားထိုး သက်မွေးအထောက်အကူပြု ထောက်ပံ့ပေးအပ်ရန် လျာထားဆောင်ရွက်ထားရှိမှု၊ ပါလောင်းကျေးရွာနှင့် ယမ်းခမ်းကျေးရွာအနီးရှိ မိုင်းယောင်း-မိုင်းဖြတ် လမ်းမကြီး လမ်းဘေးတစ်လျှောက်တွင် စိုက်ပျိုးထားသော သစ်ပင်များရှင်သန်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း