မိုင်းယောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့က မိုင်းယောင်းမြို့ ထပ်လုံစေတီ အဝင်လမ်းခင်းရာတွင် သတ်မှတ်လမ်းနယ်နိမိတ်အတိုင်း ရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးညီထက်က အရှည် တစ်မိုင်နှင့် ၄ ဒသမ ၅ ဖာလုံရှိ ထပ်လုံလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ထပ်လုံစေတီ အဝင်လမ်းခင်းရာတွင် သတ်မှတ်လမ်းနယ်နိမိတ်အတိုင်း ရရှိရေးအတွက် ဖြည့်စွက်ဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုလှိုင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့် ထပ်လုံစေတီ အဝင်လမ်းခင်းရာတွင် တာဝန်ယူဆောင်ရွက်မည့် Hero Familys နှင့် တိုးထွဋ်ခေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း