မဘိမ်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ စနစ်တကျထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့တောင်သူများအား မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး မှုနှင့်ပတ်သက်၍ မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်မီမီလွင်က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများသုံးစွဲရာတွင် စနစ်တကျသုံးစွဲကြရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်သောကုန်ကျစရိတ်များအတွက် ကြိုတင်သုံးစွဲနိုင်ရေး ထုတ်ချေးပေးခြင်း ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို တောင်သူများ အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများကို မဘိမ်းမြို့နယ်အတွင်းရှိ တောင်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ် စေရေးတို့အတွက် မိုးစပါးစိုက်ဧကတစ်ဧကလျှင် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံစိုက်တစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းတို့ဖြင့် ထုတ်ချေးပေးလျက်ရှိရာ မဘိမ်းမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ဝိုင်းလုံကျေး ရွာ၊ ပြင်လဟာကျေးရွာနှင့် မလှိုင်ကုန်းကျေးရွာများရှိ တောင်သူ ၂၄၇ ဦး၏ လယ်ယာမြေ ၁၀၆၂ ဧကနှင့် အခြား ၁၅၂ ဧက၊ စုစုပေါင်း ၁၂၁၄ ဧကတို့အတွက် ငွေကျပ် ၁၇၄၅၀၀၀၀၀ ကို တောင်သူများထံသို့ လက်ဝယ်အရောက် ထုတ်ချေးပေးလျက်ရှိကြောင်း မိုးမိတ်မြို့မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာထံမှ သိရသည်။
မျိုးမင်း(ပြန်/ဆက်)