ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

အမရပူရ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှနှင့် စာရေးဆရာ ဆရာလွတ်လပ်ငြိမ်းတို့က ကလေးသူငယ်ဆိုသည့် အသက်အပိုင်းအခြားနှင့် ကလေးအလုပ်သမား ဖြစ်ပေါ်လာရခြင်း အခြေအနေများ၊ ကလေးများ လုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး နည်းလမ်းများကို အားလုံးကပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)