နမ့်ခမ်း ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသခံပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်စာဖတ်ဝါသနာပါသူများ တိုးပွာလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ(Book Culb) အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၁) နာရီ အချိန် စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှု လေ့လာမှုတိုးပွားလာစေရန်နှင့် စာအုပ်များအပေါ် စိတ်ပါဝင်စားမှုနှင့် စာဖတ်ဝါသနာပါသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၊ စာအုပ်ထဲပါ ရသားဖော်ပြသည့် အကြောင်းအရာများကို ဖတ်ရှုကာ အသိပညာဗဟုသုတရရှိပြီး တစ်ဦးနှင့်တစ်ဦး ဆွေးနွေးမျှဝေပေးနိုင်ခြင်းနှင့် လူငယ်လူရွယ်များသို့ လက်ဆင့်ကမ်းမျှဝေပေးသွားရန် လိုအပ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုင်းညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာအောင်သင်း ရေးသားထုတ်ဝေသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်(Book Club) အသင်းများက စာအုပ်ပါ “မိမိဘာဖြစ်ချင်သလဲဆိုတာ သိရအောင် ဘယ်လိုလုပ်ရမလဲ”၊ “လူငယ်တစ်ယောက်အနေဖြင့် ဘဝရည်မှန်းချက် အောင်မြင်ရေးအတွက် Plan ထားရှိ ဆောင်ရွက်သင့်တယ်”၊ “ လူငယ်တစ်ယောက်တွင် မိမိရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ ပြင်းပြသော ဆန္ဒထားရှိသင့်ကြောင်း”နှင့် စသည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)