ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့ပြည်သူ့ဆေးရုံ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး Covaxin ကို ယနေ့မွှန်းလွဲ ၂ နာရီ အချိန်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါကို ဗီဇပြောင်းမျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်တွေ့ရှိလာပြီ ဖြစ်သည့်အတွက် ပေါ့ဆစွာမနေဖို့နှင့် အိမ်အပြင်ထွက်တိုင်း ပါးစပ်/နှာခေါင်းစည်းတပ်ရန်၊ အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကို လက်သန့်ဆေးရေ (သို့) လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျဆေးကြောကြရန်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ အကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိနေသူများနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေး သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း တိုက်တွန်းချင်ပါတယ်” ဟု တိုက်နယ်ဆရာဝန် ဒေါတ်တာဖြိုးမင်းသိန်းက ပြောကြားသည်။
ကေခိုင်ဝင်း (ပြန်/ဆက်)