ရှင်ဗွေယန် ဇူလှိုင် ၂၇
မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက် ဆေးကုသပေးလျက်ရှိသည်။
ယခုလို မိုးရာသီတွင် ဖြစ်ပေါ်လျက်ရှိသော တုပ်ကွေး၊ ငှက်ဖျားနှင့် အခြားသောရောဂါ တစ်မျိုးမျိုးကြောင့် ဖျားနာလာပါက ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံသို့ လာရောက်၍ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း သူနာပြုဆရာမဒေါ်အိအိဝင်းမှ ပြောကြားခဲ့သည်။
အဆိုပါ အခမဲ့ဆေးကုသရေးတွင် ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ ဆေးဝါးကုသပေးလျက်ရှိပြီး မြို့အထွေထွေ အုပ်ချုပ်ရေးမှူးဦးလွင်ဦးနှင့် တာဝန်ရှိသူများက ပါဝင်ကူညီပေးလျက်ရှိကြောင်းသိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)