ကွန်ဟိန်း ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တိုင်းရင်း သားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲအား ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အ-ထ-ကကျောင်း(ခန်းမ) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့၊ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွှန့်မှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ပြိုင်ပွဲဝင်များမှ တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။
အဆိုပါ ပြိုင်ပွဲသို့ လွိုင်ခမ်းအမျိုးသမီးအဖွဲ့၊ ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်များ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)