ထားဝယ် ဇူလိုင် ၂၇
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် စာပေဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အခမ်းအနားမှူးက ဟောပြောပွဲတွင် ဆွေးနွေးဟောပြောမည့် စာရေးဆရာ အကြီးကိုကို (ကသာ) ၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားသည်။
ထို့နောက် စာရေးဆရာအကြီးကိုကို (ကသာ) ကဆရာ/မများ၊ ကျောင်းသား/သူများနှင့် လူငယ်မောင်မယ်များအနေဖြင့် မအရအောင် စာပေအသိပညာဟောပြောရခြင်း ဖြစ်ကြောင်း၊ လူငယ် မောင်မယ်များနှင့် ဝန်ထမ်းများ စာအုပ်စာပေများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူ အလွန်ကွာဟပြီး စဉ်းစားတွေးခေါ်ဉာဏ်လည်း ကွာဟကြောင်း၊ နိုင်ငံတော်၏ အနာဂတ်၊ ဆရာ/မများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်ရဲ့ဒိုင်ယာရီခေါင်းစဉ်ဖြင့် စာပေဟောပြောပေးသွားမှာ ဖြစ်ကြောင်း၊ စာပေအသိပညာပြန့်ပွားစေရေး သုတဆိုင်ရာစာပေအသိပညာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ဆရာ/မများနှင့် ကျောင်းသား/သူများက ဟောပြောချက်များအပေါ်တွင် သိရှိလိုသည် များကိုမေးမြန်းရာ စာရေးဆရာအကြီးကိုကို (ကသာ) က ပြန်လည်ဆွေးနွေးပြောကြားပြီး ထားဝယ်ပညာရေးဒီဂရီကောလိပ်အတွက် စာအုပ်စာစောင်များကို ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းအား ပေးအပ်လှူဒါန်း၍ စာပေအသိပညာတိုးပွားရေး မေးမြန်းခဲ့သူများအား စာအုပ်များ မေတ္တာလက် ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)