ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ညောင်ဦး ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၁)နယ်မြေ  သီရိမင်္ဂလာမူကြို ကျောင်းဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ ထူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေ ပြည်သူများခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အတွက်နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့ကလိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့ များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာ ကွင်းများအားဝင်ရောက်နေသည့်ရေများကို သွန်ပစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်အတွင်းဖွင့် လှစ်ထားရှိသည့် ပုဂံ-မူကြိုကျောင်းဝင်းအတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ရှိသည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့၊ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်-၅ အရန်မီးသတ်သို့အကူအညီတောင်းခံကာ ၀၉-၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅ ၁၁၉၁ သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်းသိရသည်။

ကိုကြေးမုံ