မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာလူကုန်ကူးမှုကြိုတင်ကာကွယ်ရန်နှင့် လူကုန်ကူးမှုအကြောင်းအသိပညာဗဟုသုတများကို လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁) မိတ္ထီလာမှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူးသိန်းထိုက်အေးက အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မှုခင်းကျဆင်းရေးခေါင်းစဉ်ဖြင့် မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်းက လည်းကောင်းလည်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာများကို အမှတ် (၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးအောင်ကျော်တိုး ကလည်းကောင်း အသီးသီးပညာပေးဟောပြောသည်။ ထို့နောက် အဆိုပါပညာပေးဟောပြောပွဲတွင် ကျောင်းသူကျောင်းသားများအား ပညာပေးဟောပြောခဲ့ကြသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပါမောက္ခချုပ်ဒေါက်ဘဟန်က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပညာပေးဟောပြောပွဲသို့  ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမော က္ခချုပ်များ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ