မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်  ပန်းပင်/ သစ်ပင် စိုက်ပျိုးရေးနှင့် မြေခင်းအလှပြုပြင်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

ချမ်းအေးသာစံ   ဇူလိုင်  ၂၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို ပန်းပင်/သစ်ပင် စိုက်ပျိုးရေးနှင့် မြေခင်းအလှပြုပြင်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မန္တလေး ၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မန္တလေး မြို့တော် ဝန် ဦးကျော်ဆန်းက ဆွေးနွေးပြောခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက မန္တလေးမြို့ စိမ်းလန်းစိုပြေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်က လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ပန်းဥယျာဉ်လုပ်ငန်းရှင်များက မန္တလေးမြို့တော် စိမ်းလန်းစိုပြေရေးနှင့် ပတ်သက်၍ ၄င်းတို့၏ ထင်မြင်ယူဆချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပန်းပင်/သစ်ပင် စိုက်ပျိုးရေးနှင့် မြေခင်းအလှပြုပြင် သည့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်